မလှိုင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ အုတ်တံတိုင်းကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

မလှိုင်   ဇွန်  ၂၃

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်သည် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များလိုက်ပါလျက် မြို့နယ်အတွင်းရှိ ကံရွာ၊ရေငံရွှေပေါ်ကျွန်း၊ ဆည်တို၊ ဆည်ကွဲ၊  စာသင်ကျောင်းများ အုတ်တံတိုင်းကာရံနေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 အဆိုပါနေ့က အ..က ရေငံ၊ ရွှေပေါ်ကျွန်း ကျောင်းတွင်ခွင့်ပြုရံပုံငွေ ကျပ်သန်း (၂၁.၇၈၀၀၀၀) ဖြင့် ဆောင်ရွက်နေသည့်  အရှည် ( ၉၉၀)ပေ အုတ်တံတိုင်း ကာရံနေမှု၊နတ်စင်ကုန်းကျေးရွာ အုပ်စု ၊ကံရွာ အ..က(ခွဲ)ကျာင်းတွင်ခွင့်ပြုရံပုံငွေကျပ်သန်း (၁၇.၆၄၄၀၀၀)ဖြင့် အရှည် (၈၀၂)ပေ အုတ်တံတိုင်းကာရံနေမှု ၊ ဆည်တိုကျေးရွာအုပ်စု၊ ဆည်ကွဲမူလွန်ကျောင်းတွင် ခွင့်ပြုရံပုံငွေ ကျပ်သန်း(၁၈.၉၂၀၀၀၀) ဖြင့်အရှည် (၈၆၀)အုတ်တံတိုင်း ကာရံနေမှု ၊ ဆည်တို ကျေးရွာအုပ်စု၊ ရွာသစ်မူလွန်ကျောင်းတွင် ခွင့်ပြုရံပုံငွေ (၁၇.၂၉၂၀၀၀)ဖြင့် အရှည် (၇၈၆)ပေ အုတ်တံတိုင်း ကာရံနေမှုတို့ကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာ ကုမ္ပဏီမှ တာ၀န်ရှိသူများက လိုက်လံရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ကျောင်းလေးကျောင်းအုတ်တံတိုင်းကာရံခြင်း လုပ်ငန်းကို နန်းယွန်းဧကရီကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)