ကျောက်ဖြူမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဟောပြော ခြင်းများဆောင်ရွက်

ကျောက်ဖြူ  ဇွန် ၂၃

 

 

 

၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံး မှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များဖြန့်ဝေခြင်းနှင့် အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

 

 

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က ကျောင်းသား၊ကျောင်းသူများကို မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ် လာသည့် ဆိုးကျိုးများ၊ စာပေလေ့လာဖတ်ရှုခြင်းကြောင့် ရရှိလာသည့်အကျိုး ကျေးဇူး များနှင့် မိမိတို့ဦးစီး ဌာနရုံးအနေဖြင့် လှုပ်ရှားဆောင်ရွက်နေသည့် အွန်လိုင်းအသိပညာပေး အစီအစဉ်များအကြောင်းကို ရှင်း လင်းဟောပြောဆွေးနွေးသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့်  အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့် ဝေပေးခဲ့ကြသည်။

 

 

 

အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ် ဆေးဝါးပြသနာများကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဉ်ဖွယ်နှင့် ပညာပေးကာတွန်းများ၊ မုံရွာဝင်းဖေရေးသားသည့် ကမ္ဘာ့ရန်သူဘိန်းဖြူကဗျာများ အစရှိသည့် အသိပညာပေးများအား ထည့် သွင်းဖေါ်ပြပါရှိကြောင်း သိရသည်။

 

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း