ရိခေါ်ဒါရ် ဇွန် ၂၃
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ဇွန် ၂၃ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁၈ ဦးထပ်မံတွေ့ ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူ ရပ်ကွက်နေပြည်သူ (၈၅)ဦးတို့အား စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ၎င်းတို့အနက် (၁၈)ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ အဆိုပါရောဂါပိုးတွေ့ရှိသူ(၁၈)ဦးတို့အား ၎င်းတို့၏နေအိမ်အသီးသီး၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိခဲ့ရာ ဆေးကုသမှုခံယူလျက်ရှိပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန် လျက်ရှိကြောင်းသိရသည်။
ရိခေါ်ဒါရ်မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ စစ်ဆေးခြင်း ကို ဇွန်လ (၇)ရက်နေ့မှ ယနေ့အထိ ရောဂါစစ်ဆေးမှုခံယူသူ (၁၂၀၁)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၁၈၀)ဦးတွေ့ရှိ၍ ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာ၍အသွားအလာကန့်သတ်ခြင်းဖြေလျှော့/ဆေးရုံမှဆင်းခွင့်ရရှိသူ (၁၀၈)ဦး၊ ရောဂါဖြင့်သေဆုံးသူ(၁)ဦးရှိရာ၊ လက်ရှိ တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိသူ (၇၁)ဦးရှိကြောင်း သိရသည်။
ပက်ကာ (ရိရေကန်)