အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

လယ်ဝေး ဇွန် ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က(၁) လယ်ဝေးနှင့် မူလွန်(ဗဟို)ကျောင်းတို့မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို သွားရောက်ဖြန့်ဝေခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများအကြောင်း၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ရှောင်ကြဉ်ဖွယ်အချက်များ၊ ကမ္ဘာ့ ရန်သူဘိန်းဖြူကဗျာ၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးကာတွန်းနှင့် ဆောင်ပုဒ်များပါဝင်ပြီး အဆိုပါ “သတင်းစကား” လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ထုတ်ဝေခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)