ဒဂုံအရှေ့ ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာပေ မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်း ဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအားမျှဝေတတ် စေရန် စာပေမှ ရရှိသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမဥ္ဇူက တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာပေချစ်မြတ်နိုးသူ အဖွဲ့ဝင် ဒေါ်နီနီဝင်းက စာရေးဆရာ မောင်ကျေးဇူး ရေးသားသော လူငယ်တွေ လမ်းမမှားနှင့် မူးယစ်ဆေးဝါး အန္တရာယ်စာအုပ်အား ဖတ်ကြားဆွေးနွေးခဲ့ရာ မြို့နယ် အတွင်းရှိ စာပေချစ်သူ စာဖတ်ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါအကြောင်းအရာများကို အမြင်ချင်း ဖလှယ်ကာ စာဖတ်ဝိုင်း ကျင်းပခဲ့ကြသည်။
အေးမဉ္ဇူ