နမ့်စန်(တ) ဇွန် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဦးစီး ကော်မတီ ၏ ဦးဆောင်ညွှန်ကြားမှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၇ နာရီ မှစတင်၍ ခိုလမ်-နမ့်စန် မြို့ဝင်ဘက်ရှိ အမှတ်(၂)ရပ်ကွက် စစ်ဆေးရေး ဂိတ်တွင်မြို့တွင်းသို့ ဖြတ်သန်းသွားလာနေသော ခရီးသွားပြည်သူများကို ကိုယ်အပူချိန်တိုင်းတာခြင်း ၊ ကျန်းမာရေးစစ်ဆေးခြင်း နှင့် စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဌာနဆိုင်ရာဝန်ထမ်းများ ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ကြက်ခြေနီအဖွဲ့များက ကျန်းမာရေး ဝန်ထမ်းများ နှင့်အတူ မြို့ဝင်စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်စိုး ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင် နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်