ဟိုပန် ဇွန် ၂၃
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်၉ နာရီ ခွဲ အချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (ထက်/လယ်/မူ)ဆင့် စာစီစာကုံး၊ကဗျာ၊ ပန်းချီပြိုင်ပွဲ ဝင်နေသည့် ကျောင်းသားကျောင်းသူများအား ကြည့်ရှုအားပေးခဲ့သည်။
ပြိုင်ပွဲသို့ ဟိုပန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စာစီစာကုံးပြိုင်ပွဲဝင်သူ (၅၂)ဦး၊ ကဗျာပြိုင်ပွဲဝင်သူ(၆၆)ဦး၊ ပန်းချီပြိုင်ပွဲဝင်သူ(၆၀)ဦး၊ စုစုပေါင်း(၁၇၈)ဦးရှိပြီး ဆုရရှိသူ ကျောင်းသားကျောင်းသူများကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်