မြေပုံ ဇွန်၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့တွင်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအကာ အကွယ်ပေးရေး ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လည်(၁)နာရီ အချိန်ကတောင်ပိုင်း အခြေခံပညာမူလတန်း (လွန်)ကျောင်း၌ကိုဗစ်(၁၉) ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီပြု လုပ်သည်။
ဟောပြောပွဲ၌စားသုံးသူရေးရာ ဦးစီးဌာနမြို့နယ် တာဝန်ခံဦးစံညွန့်က ကျောင်းသား/ကျောင်းသူများ အားစားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ကိုက်ညီမှုရှိသော ကုန်ပစ္စည်းရွေးချယ် ဝယ်ယူသုံးစွဲတတ် စေရန်နှင့်ကုန်ပစ္စည်းများဝယ်ယူသုံးစွဲကြရာ၌ ထိခိုက်နစ်နာ မှုရှိပါက တိုင်ကြားခွင့်၊ တရားစွဲဆိုပိုင်ခွင့်များရှိနေပြီဖြစ်ကြောင်း ရှင်းလင်းဟောပြောကြောင်း သိရှိရသည်။
တင်ဝင်း