သုံးခွ ဇွန် ၂၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပျဉ်းမကန်ကျေးရွာတွင် ငှက်ဖျားပိုးတွေ့ရှိသူနှင့် ထိစပ်သူများအား သွေးဖောက်စစ်ဆေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းကို ယမန်နေ့ ညနေ ၂နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာမှူး ဒေါက်တာဇော်၀င်းသန်း၊ တိုင်းကျန်းမာ ရေးဦးစီးဌာန ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဌာနမှ အဖွဲ့ခေါင်းဆောင် ဆရာဦး၀င်းမောင်က ငှက်ဖျားပိုး တွေ့ရှိသူအား လိုအပ်သောဆေးဝါးများ ပေးအပ်ခဲ့ပြီး ယင်းငှက်ဖျားပိုး တွေ့ရှိသူနှင့် ထိစပ်သူများအား သွေးဖောက်စစ်ဆေးခဲ့ပြီး နေအိမ်များသို့ သွားရောက်ကာ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်) ရေစည်၊ ရေအိုး၊ ရေကန်များထဲသို့ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။