ငပုတော ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ ကိုဗစ်-၁၉အရေးပေါ် တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေး ကော်မတီက ကိုဗစ်ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကို ယမန်နေ့ညနေ ၃ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက "ငပုတောမြို့ပေါ်၌ပထမဆုံးအကြိမ်အဖြစ်ကိုဗစ်-၁၉ရောဂါပိုးတွေ့သူ များမှာ ၁၂ ဦး အထိရှိလာပြီဖြစ်ကြောင်း၊ Quarantine Centerအတွက် နေရာ၂ခုသတ်မှတ်ထားကြောင်း၊ကိုဗစ်-၁၉စစ်ဆေးရန် ဂိတ်များထား ရှိရမှာဖြစ်ကြောင်း၊ မြို့အဝင်ဂိတ်တွင် ကိုဗစ်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ပိုးတွေ့လူနာများနှင့်ထိစပ်ခဲ့သည့်သူများ၏ စာရင်းများအား ရယူထားရန် လိုကြောင်း"အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကလိုအပ်သည်များကိုဖြည့်စွက်မှာကြားခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင် များ က ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှထုတ်ပြန်ထားသည့်ညွှန်ကြားအားပြည်သူများသို့ နေ့စဉ်အသိပေးကြေငြာဆောင်ရွက်သွားမည့်အခြေအနေများအား ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။
လှမင်းထွဋ်