ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် Physicsl Fitness Dance ပြိုင်ပွဲကျင်းပ

မြစ်ကြီးနား     ဇွန်   ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် Physical Fitness Dance ပြိုင်ပွဲအား ကိုဗစ်-၁၉  စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။

Physical Fitness Dance ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့ (၉) ဖွဲ့ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုရ အဖွဲ့များအား ‌ဆုတံဆိပ်အသီးသီးနှင့် ငွေသားဆုများ‌ပေးအပ်ခဲ့ပြီး နှစ်သိမ့်ဆုရအဖွဲ့များအား နှစ်သိမ့်ဆုများပေးအပ်ပြီး ဒိုင်ချုပ်(၂)ဦးနှင့် ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွာများ ပေးအပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ကျွမ်းကျင်လိမ်မာမှု၊ လေ့ကျင့်ခန်းတီထွင်ကြံဆနိုင်မှု၊ ကိုယ်ဟန်အမူအယာ တက်ကြွဖြတ်လတ်မှု၊‌ ဥပဓိရုပ်နှင့် ဝတ်စားဆင်ယင်မှုတို့နှင့် တေးဂီတမြူးကြွသွက်လက်မှု များဖြင့် အမှတ်ပေးဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရသည်။

ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်း အမှတ်အနေဖြင့် Physical Fitness Dance ပြိုင်ပွဲအပါအဝင် အလေးမ လက်ရည်စမ်းပြိုင်ပွဲ၊ ပိုက်ကျော် ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ လက်ဝှေ့လက်ရည် စမ်းပြိုင်ပွဲများနှင့် အခြားအား ကစားပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်ဆက်