တောင်တွင်းကြီး ဇွန် ၃၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ်၊ ဒုတိယ(၃) လပတ်အတွက် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ ပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစည်သူရှိန်းနှင့် အဖွဲ့ဝင်များက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၈၁)အုပ်စုမှ အသက် (၈၅)နှစ်အထက် ( ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)လများအတွက် ဘိုးဘွားတစ်ဦးလျှင်(၃၀၀၀၀) နှုန်းဖြင့် ဘိုးဘွားစုစုပေါင်း(၁၈၁၆)ဦးအတွက် ထောက်ပံ့ငွေ(၅၄၄၈၀၀၀၀)ကျပ်အား ရပ်ကျေး အုပ်ချုပ် ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သက်ကြီးဘိုးဘွားများ အား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ဝင်း