စမ်းချောင်း ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် ကျွန်းတောစျေးအတွင်း ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ နှင့် ပတ်သက်သော အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းကာ အများပြည်သူများ သိရှိစေရန်အတွက် လူစည်ကားရာ ဈေးအတွင်း/အပြင်နှင့် လူစည်ကားရာ နေရာများတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်) ၏ ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများကို လိုက်လံကပ်ထားပေးခြင်း၊ ဆေးပုံးများအတွင်း ဆေးများဖြည့်ဆည်းပေးခြင်း၊ ရှေးဦးပြုစုနည်း၊ စနစ်တကျ လက်ဆေးနည်းနှင့် mask များ တပ်ဆင်အသုံးပြုပုံ၊ စွန့်ပြစ်မှုတို့ကို စနစ်ကျစေရန် သင်ကြားပေးခြင်း၊ ကြက်ခြေနီအကြောင်း ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချသည့် စားသောက် ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များ လက်လီဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချနိုင်ရေး၊ စည်ပင် သာယာရေး အဖွဲ့ပိုင်စျေးများအား အချိန်အကန့်အသတ်ဖြင့် ဖွင့်လှစ်နိုင်ရေး စျေးသူ / စျေးသား များအား လိုက်လံအသိပေးနှိုးဆော်မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်ချောစုဝင်း