ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိုနှိုင်း အစည်းအဝေး ကျင်းပ

ညောင်ဦး ဇွန် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် Quarantine Centre များ ပြင်ဆင်ထားရှိနိုင်ရေး လုပ်ငန်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်မှ စတင်ကာ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အနော်ရထာ ခန်းမတွင် ကျင်းပဆွေးနွေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်း  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိုနှိုင်း အစည်းအဝေးတွင် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာသည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အရပ်ဘက် အဖွဲ့အစည်းများ တက်ရာက်ကြပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် မြို့အဝင်အထွက် နေရာများတွင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များ ထားရှိရေး၊ Quarantine Centre များ ပြင်ဆင်ထားရှိနိုင်ရေးတို့အား တက်ရာက်လာသည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် အရပ်ဘက် အဖွဲ့အစည်းများက ဆွေးနွေးညှိုနှိုင်းကြသည်။

အစည်းအဝေးတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ ညောင်ဦးခရိုင် တိုင်းရင်းဆေးရုံအား Quarantine Centre အဖြစ် အသုံးပြုနိုင်ရေး ပြင်ဆင်ထားရှိမှု၊ မကွေးတိုင်းဒေသကြီး ချောက်မြို့ဘက်မှ ဝင်ရောက်လာသည့် မော်တော်ယာဉ် မော်တော်ကားများ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားရှိနိုင်ရေးနှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ဘက်မှ ဝင်ရာက်လာသည့် မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များအား ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားရှိရေးတို့ကို ဆွေးနွေးညှိုနှိုင်း ခဲ့ကြကြောင်း သိရသည်။

ကိုထိန်၊KPD