VRFP ကျေးရွာမတည် လည်ပတ်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းကွင်းဆင်းစစ်ဆေး

ဖလမ်း   ဇွန်  ၃၀

ဖလမ်းမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ VRDP (Village Revolving Fund Project) စီမံကိန်းလုပ်ငန်း​ဆောင်ရွက်လျက်ရှိသည့် ဖလမ်းမြို့နယ် ဇာထီလ်ကျေးရွာအား ၃၀.၆.၂၀၂၁ ရက်နေ့ တွင် ဦးဝုန်ပြင်းထန် (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဦးရှိန်းသူအောင် (ဦးစီးအရာရှိ)၊ ဦးလျန်းဇမန် (ဒုတိယဦးစီးမှူး)တို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ အိမ်ခြေ (၄၈) အိမ်အတွက် မတည်လည်ပတ်ရန်ပုံငွေ ကျပ်(သိန်း-၁၀၀)ဖြစ်ကြောင်း၊ ယင်းမတည်လည်ပတ် ရန်ပုံငွေဖြင့် အရောင်းအ၀ယ်လုပ်ငန်းအတွက် ချေးယူသူ အိမ်ခြေ(၃)အိမ်၊ မွေးမြူရေးအတွက် ချေး ယူသူ အိမ်ခြေ(၁၂)အိမ်နှင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် ချေးယူသူ အိမ်ခြေ (၃၃) အိမ် ရှိပြီး လုပ်ငန်းများ အောင်မြင်စွာလည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)