ရွှေပြည်သာ ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ဗိုလ်ရန်ပြေလမ်းတွင် ယမန်နေ့ညနေ ၅ နာရီ ၅၀အချိန်က မိုးရွာသွန်း၍ မြေပွလာမှုကြောင့် လုံးပတ်(၄)ပေ၊ အရှည် (၃၀) ပေခန့်ရှိ ပိတောက်ပင်လဲကျ၍ YGN 8L _____ ကားအဖြူရောင်ပေါ်သို့ ပိကျနေကြောင်း သိရှိရ၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသွင်ယုနိုင် ဦးဆောင်၍ မီးသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၈) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၄)ဦးတို့ဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ သစ်ပင်လဲကျမှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
အေးမိုး