ဟုမ္မလင်း ဇွန် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အမျိုးသမီးစက်ချုပ်အဆင့်မြင့် သင်တန်း ၂/၂၀၂၁ ဆင်းပွဲကို ယမန်နေ့ နံနက် (၁၁)နာရီခွဲက ဟုမ္မလင်းမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံးတွင် ကျင်းပခဲ့ကြောင်းသိရ သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးစိုးမင်းလတ်က အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန် နှင့်ဝင်ငွေရရှိစေမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးက သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်ပေး အပ်ခဲ့သည်။
အဆိုပါသင်တန်းကို မေလ(၂၁)ရက်နေ့မှ ဇွန်လ (၂၉)ရက်နေ့ ထိရက်ပေါင်း(၄ဝ)ဖြင့်ပြီး၊ သင်တန်းသူ/သားများသည် ဟုမ္မလင်း မြို့နယ်မှ ကျေးရွာပေါင်း(၁၂)ရွာ နှင့် စုစုပေါင်း(၂ဝ) ဦးတက်ရောက်ကြ ကာ၊ သင်တန်း ဆရာ၊ဆရာမများက စာတွေ့ ၊လက်တွေ့သင်ကြားပေးခဲ့ ကြကြောင်းသိရသည်။
လင်းလင်း