ယင်းမာပင် ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ယင်းမာပင်မြို့နယ်၊ မြင်သာကုန်းကျေးရွာတွင် ပထမအကြိမ် ရန်ပုံငွေကျပ် သိန်း (၁၀၀) ထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
အခမ်းအနားတွင် ယင်းမာပင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊မြို့နယ် ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးက မြစိမ်းရောင်ရန်ပုံငွေ ထုတ်ချေးပေးရခြင်း ရည်ရွယ်ချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး မြစိမ်းရောင်တာဝန်ခံဝန်ထမ်းများက ကြီးကြပ်၍ လုပ်ထုံးလုပ် နည်းဥပဒေများ အသင်းသားများအနေဖြင့် မိမိတို့ချေးငွေရရှိသည့်အပေါ်မူတည်၍ တစ်ပိုင်တစ်နိုင် လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြားရောင်းဝယ် ဖောက်ကားမှု လုပ်ငန်းများတွင်စနစ်တကျ အသုံးပြုဆောင်ရွက်သွားကြစေလိုကြောင်း၊ ၊ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့်ထိခိုက် ဆုံးရှုံးပျက်စီးခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ကုစား နိုင်ရန်အတွက် ထုတ်ချေးပေးခြင်း ဖြစ်ပါကြောင်း၊ ရန်ပုံငွေများကို ထိခိုက်ဆုံးရှုံးမှုမရှိစေရေး အလေးထား ဆောင်ရွက် သွားကြစေလိုကြောင်း စသည်ဖြင့်ဆွေးနွေးပြောကြားခဲ့သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုဘဝတိုး တက်မြင့်မားလာစေရေးအတွက်နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
စိုးမိုး(ယင်းမာပင်)