မော်လမြိုင်ကျွန်းမြို့နယ် ကုတင်(၁၀၀)ဆေးရုံဝန်းအတွင်း သစ်ပင်စိုက် ပွဲတော်ကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော သစ်ပင်စိုက်ပွဲတော်အား ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က မြို့နယ်ကုတင်(၁၀၀) ဆေးရုံကြီးဝန်း အတွင်း၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် ဗိုလ်မှူး မင်းထက်မှူး၊ အဖွဲ့ဝင် ဦးတင်လှိုင်၊ အဖွဲ့ဝင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ ဦးစီမှူး ဦးအောင်နိုင်နှင့် အတွင်းရေးမှူး မြိုနယ်ရဲမှူး ကိုကိုမောင်တို့ တက်ရောက် ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းမျည်းစည်းကမ်းများ နှင့်အညီ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မဟော်ဂနီပျိုးပင်ပေါက် အပင်ရေ ၅၀၀ နှင့် မန်ဂျန်ရှားပျိုးပင်ပေါက် အပင်ရေ ၅၀၀၊ စုစုပေါင်း ပျိုးပင်ပေါက် ၁၀၀၀ အား စိုက်ပျိုးပေးခဲ့ကြောင်း မြို့နယ်သစ်တော ဦးစီးဌာန ဦးစီးမှူး ဦးသန်းမင်းဌေးထံမှ သိရသည်။

အောင်အောင်(ပြန်/ဆက်)