မြစ်ကြီးနားမြို့၌ အရေးပေါ်အသက်ကယ်ဆယ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းဆင်းပွဲကျင်းပ

မြစ်ကြီးနား ဇူလိုင် ၁

ဧရာဝတီကရုဏာ(အခမဲ့) လူမှုကူညီရေးအသင်းမှ ဦးဆောင်ဖွင့်လှစ်သည့် အရေးပေါ်အသက် ကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု သင်တန်း ဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးစေတီ ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

အရေးပေါ်အသက်ကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု သင်တန်း ဆင်းပွဲတွင် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေက သင်တန်းဆင်း အဖွင့်အမှာစကား ပြောကြားပြီး တစ်ဦးချင်း ဆုရသင်တန်းသား၊ သင်တန်းသူများနှင့် အသင်းအဖွဲ့လိုက် ဆုရရှိသူများအား ဆုတံဆိပ်နှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်းနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေက လူမှုကူညီရေး အသင်းအဖွဲ့များအား အလှူငွေကျပ်(၅)သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့ဝင် များအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) YRO မှ (၁၀)ရက်ကြာ စာတွေ့၊ လက်တွေ့များကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ယော်ဆောင်(ပြန်/ဆက်)