မြိတ် ဇူလိုင် ၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၃)နာရီက မြိတ်မြို့နယ် အသင်းရုံးတွင် ကျင်းပခဲ့၍ မိခင်နှင့် ကလေးစောင့်ရှောက်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြပြီး မွေးလူနာ (၂)ဦးအား အာဟာရများ ထောက်ပံ့ခဲ့ ကြသည်။
ရှေးဦးစွာ မြိတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာအေးက အမှာ စကား ပြောကြားပြီး မြိတ်မြို့နယ် အသင်းဥက္ကဋ္ဌ ဒေါ်ဇင်မိုးအေးနှင့် အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် အသင်း၏ ရှေ့လုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းကို တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းပိုင် သားဖွားခန်းတွင် လာရောက်မွေးဖွားလျက်ရှိသည့် မွေးလူ နာ(၂)ဦးအား အာဟာရအဖြစ် တစ်ဦးလျှင် ကွေကာတစ်ထုပ်၊ ကြက်ဥ(၁၀)လုံးနှင့် ငွေကျပ်တစ်သောင်း ကျပ်စီ ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး