ပခုက္ကူ ဇူလိုင် ၁
ပခုက္ကူအကျဉ်းထောင်တွင် ရာဇသတ်ကြီးပုဒ်-၅၀၅-ကဖြင့်အမှု ရင်နေရသည့် အမျိုးသား၂ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အားဇွန်၃၀ ရက်ညနေ ၄ နာရီခွဲ အချိန်ကဝန်ခံကတိဖြင့်လွတ်မြောက်ခွင့်ပေးသည်။
လွတ်မြောက်ခွင့်ရသည့်ပခုက္ကူ မြို့မှအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့်ဆိပ်ဖြူမြို့နယ်မှ အမျိုးသားတစ်ဦး တို့အား ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဦးစန်းလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးတင်မိုးဦး၊ အကျဉ်း ဦးစီးဌာန၊ ပခုက္ကူထောင်ပိုင်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးသင်္ကြန်ဦးနှင့်ပခုက္ကူမြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၊ ဥက္ကဋ္ဌ ဦးမိုးကျော်သူတို့ကတွေ့ဆုံ အားပေးစကားပြောကြားကြပြီး မိဘဆွေမျိုးများထံပြန်လည် အပ်နှံ ပေးကြောင်း သိရသည်။
ဇော်(အဝေးသင်)