ပန်းတောင်းမြို့နယ် လဲကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းအား ကွင်းဆင်းဆောင်ရွက်

ပန်းတောင်း ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လဲကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် ဆောင်ရွက်ခဲ့သော လဲကျေးရွာကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ပဲခူတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးသိန်းနှင့် ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းတို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထို့နောက် ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။

သင်းသင်းအေး