ဥတ္တရသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထနေ့ဆက်လက်ထိုးနှံ
Aug 05,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ဩဂုတ်လ(၁)ရက်နေ့မှစတင်၍ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို အ-ထ-က၊ မင်းကုန်း၌ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီတွင် အဆိုပါကျောင်း၌ပင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။