သတင်းများ

ရန်ကင်းမြို့နယ်တွင် ခုတင် ၆၀၀ ကိုဗစ်-၁၉ ကုသရေးစင်တာ၌ ကိုဗစ်-၁၉အတည်ပြုလူနာများအား လက်ခံကုသ ဆောင်ရွက်ပေးသွားမည်
Aug 04,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ် ၁၄ ရပ်ကွက် ရှိ ရန်ကင်းပညာရေးကောလိပ် ၌ ဖွင့်လှစ်ထားသောကုတင် ၆၀၀ ကိုဗစ်-၁၉ကုသရေးစင်တာ၌ သြဂုတ်လ ၄ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ အတည်ပြုလူနာများအား လက်ခံကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရွှေကမ္ဘောဇဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီမှ တနင်္သာရီမြို့နယ်ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့်စားရိက္ခာ များလှူဒါန်း
Aug 04,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တမုတ်ချုန်းကျေးရွာအုပ်စု-ရေဖြူကျေးရွာ ရွှေကမ္ဘောဇ ဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီမှ တနင်္သာရီမြို့နယ်အတွင်းမြစ်ရေကြီးမှုဖြစ်စဉ် ကြောင့် ယာယီကယ်ဆယ်ရေး စခန်းများ သို့ ပြောင်းရွှေ့နေကြသော ရေဘေးသင့်ပြည်သူ အိမ်ထောင်စုများအတွက် ရေဘေးသင့်နေပြီး ကိုဗစ် ကာလအတွင်း စားဝတ်နေရေးအဆင်ပေစေရေးအတွက် ရည်ရွယ်၍ ဆန်နှင့်အခြားစားရိက္ခာများကို ယမန်နေ့ညနေ ၃နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနတွင်ဖွင့်လှစ်ထားသော ရေဘေးသင့်ပြည်သူများ ယာယီကွပ်ကဲရေးဌာနရုံးသို့လာရောက်လှုဒါန်းပေးကြောင်းသိရှိရသည်။
Bagan Myanmar Group Companies မိသားစုမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးများအတွက်အသုံးပြုရန် ဆက်စပ်ပစ္စည်း သိန်းလေးရာကျော်ဖိုးလှူဒါန်း
Aug 04,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးဒေသရှိမိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် Bagan Myanmar Group Companies မိသားစုတို့က ဩဂုတ်လ ၃ရက်နေ့ ညနေပိုင်းအချိန်က ညောင်ဦးမြို့ရှိ မြတ်ဒါနပရဟိတအသင်းထံသို့ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ပြည်မြို့ သီတဂူဗုဒ္ဓကောလိပ်(ပြည်)၌ရဟန်းသံဃာများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Aug 04,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ သီတဂူဗုဒ္ဓကောလိပ်(ပြည်)၌ရဟန်းသံဃာများအားကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက် ရှိ‌ကြောင်းသိရသည်။
ကော့ကရိတ်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မေတ္တာပေါင်းကူးတံတား တစ်စင်းလုံး ကျိုးကျပျက်စီးပြီး၊ နဘူးချောင်းကူးတံတားမှာ အလယ်မှ ကျိုးကျ
Aug 04,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ဇူလိုင်နောက်ဆုံးအပတ်က မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေ တိုက်စားမှုများကြောင့် နဘူး-ထိုးကော်ကိုး လမ်းအပိုင်းရှိ နန်းဆံလစ်-နဘူးတံခွန်တိုင် ကျေးရွာ ချင်းဆက်သွယ်ထားသည့် မေတ္တာပေါင်းကူးတံတားတစ်စင်းလုံး ကျိုးကျကာ မျောပါပျက်စီးခဲ့ကြောင်းနှင့် KNU/KNLA–PC ဌာနချုပ်အနောက်ဘက်ရှိ နဘူးချောင်းကူးတံတားမှာ အလယ်မှ အောက်သို့ ကျိုးကျသွားခဲ့သည့်အတွက် ဒေသခံ ပြည်သူများအနေဖြင့် စက်လှေများ၊ လက်လှော်လေများဖြင့်သာ ဖြတ်သန်းသွာလာလျက်ရှိကြောင်း သိရသည်။
လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယနေ့ဆက်လက်ထိုးနှံပေး
Aug 04,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်၉နာရီမှစတင်၍ ဆေးမထိုးနှံရသေးသော လှိုင်မြို့နယ်တွင်း​နေထိုင်သည့် အသက်(၆၅)နှစ် အထက် သက်ကြီးရွယ်အိုဘိုးဘွား(၃၇၈)ဦးအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ပရဟိတအဖွဲ့၊ကြက်ခြေနီနှင့်မီသတ်တပ်ဖွဲ့တို့မှပူးပေါင်း၍ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအားဆောင်ရွက်ပေးလျှက်ရှိကြောင်း လှိုင်မြို့နယ်ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေး ပေါ်တုန့်ပြန်ရေးကော်မတီမှသိရသည်။
ဘူးသီး​တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) တတိယ​မြောက်​နေ့တွင် လာရောက်ထိုးနှံသူများပြား
Aug 04,2021
ဘူးသီးတောင်မြို့နယ်တွင် သြဂုတ်လ ၁ ရက်နေ့မှစ​၍​အသက် ၆၅ နှစ်အထက်သက်ကြီးရွယ်အိုများ၊ ရဟန်း သံဃာ​တော်များနှင့် သီလရှင်များ၊စျေးမိသားစုများ၊ဝန်ထမ်းများ အားလတ်တလောအသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်မြန်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ကိုကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ စုရပ်( ၅ )ခုတွင် နံနက် ၉ နာရီမှ ည​​နေ ၅ နာရီအထိထိုးနှံပေးလျက်ရှိရာ တတိယ​မြောက်​နေ့တွင်လာရောက်ထိုးနှံသူအများအပြားရောက်ရှိလာကြောင်းသိရသည်။