သတင်းများ

လပွတ္တာမြို့နယ် မြို့မရဲစခန်းအချုပ်ခန်းမှ အကျဉ်သားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) ကို ထိုးနှံပေး
Aug 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram)ကို လပွတ္တာမြို့နယ် မြို့မရဲစခန်း အချုပ်ခန်းမှ အကျဉ်သားများကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က လပွတ္တာမြို့နယ် မြို့မရဲစခန်းအချုပ်ခန်းနှင့် လပွတ္တာမြို့နယ် ဆေးရုံအဟောင်း အစည်းအဝေး ခန်းမတို့တွင် ကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများအတွက် ဆွမ်းဆန်အိတ်များ ဆက်လက်လှူဒါန်း
Aug 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗ​စ်-၁၉ရောဂါ ဖြစ်ပွားမှုကာလအတွင်း ရဟန်းသံဃာများ နှင့်သီလရှင်များ ဆွမ်းပြတ်လပ်မှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ဘုန်းတော်ကြီး ကျောင်းများနှင့် ပရိယတ္ တိစာသင်တိုက်များသို့ သွားရောက်၍ ဆွမ်းဆန်အိတ်များ သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံအတွက် Oxygen Concentrator စက်များ ပေးအပ်လှူဒါန်း
Aug 05,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ပိုးတွေ့အတည်ပြုလူနာ များနှင့် အောက်စီဂျင်အရေးပေါ်လိုအပ်ပါက အခက်ခဲမရှိ အဆင်ပြေစွာ ကျန်းမာရေးစောင့် ရှောက်မှု ကုသပေးနိုင်ရန်အတွက် ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံသို့ Oxygen Concentrator စက်များကို ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။
ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 05,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ဩဂုတ်လ(၁)ရက်နေ့ မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို အ-ထ-က(၂၀)တွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အဆိုပါ ကျောင်း၌ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)အား အသက်၆၅နှစ်နှင့် အ ထက်ဘိုးဘွားများကို ဒုတိယနေ့အဖြစ်ဆက်လက်ထိုးနှံပေး
Aug 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အနော်ရထာခန်းမတွင် ဒုတိယနေ့အဖြစ် ယနေ့ နံနက် ၉ နာရီ အချိန်မှ စတင်ပြီး မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုး ဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးကောင်ရေ ၉ သိန်းစိုက်ထည့်
Aug 05,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် စကျင်ကျေးရွာအနီးရှိ ဧရာဝတီမြစ် အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီကကျင်းပ ပြုလုပ် ခဲ့သည်။
တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 05,2021
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူမျိုးဘာသာမရွေး မြို့နယ်အတွင်း ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒေါက်တာ သန့်ဇင်ဦးနှင့် ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသော Volunteer များနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 05,2021
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသော Volunteer များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီ ၃၀ မီနစ် အချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။