သတင်းများ

တောင်ငူ၌ စတုတ္ထမြောက်နေ့အဖြစ် ဦးတည်အုပ်စုများအား ဦးစားပေးအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 04,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုး နှံခြင်းကို စတုတ္ထမြောက်နေ့အဖြစ် ဦးတည်အုပ်စုများအား ဦးစားပေးအလိုက် စုရပ်နေရာ လေးနေရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်
Aug 04,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံရှေ့၊ မယ်စဲ့-ဘီပီ (၁၃) လမ်းမကြီးနှင့် မြောက်ပိုင်းရပ်ကွက်ရှိ ကွက်သစ်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် အောက်ဆီဂျင်လိုအပ်မှုများကို ဖြည့်ဆည်းနိုင်ရေးအတွက် အောက်ဆီဂျင်အိုးများ နေ့စဉ်အခမဲ့ဖြန့်ဝေဆောင်ရွက်ပေး
Aug 04,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် လတ်တလော ဖြစ်ပွားနေသော ကူးစက်မှုမြန်စွာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် အောက်ဆီဂျင်လိုအပ်မှုများကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးအတွက် အောက်ဆီဂျင်အိုးများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ နေ့စဉ်အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိသည်။
ရှမ်းရွာသစ်မြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ နှင့်ဌာန ဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေး
Aug 04,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်မှစတင်ပြီး အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ၊ ရဟန်းသံဃာတော်များနှင့် ဝန်ထမ်းများတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံ ပေးလျက်ရှိကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
Aug 04,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁၄၄)ရပ်ကွက် ဝက်မစွပ်လမ်းနှင့် ရာဇသင်္ကြန်လမ်းထောင့်တွင် ယနေ့နံနက်၄နာရီ၁၅မိနစ်အချိန်က မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ထွက်ခွာငြိမ်းသတ်ရာ နံနက်၅နာရီ၅၀မိနစ်အချိန်တွင် မီးငြိမ်းသွား ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မီးသတ်ဦးစီးဌာနမှသိရှိရသည်။
ဝေါလေမြိုင်မြို့၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ထိုးခွင့်ရရှိသည့် ဦးစားပေးအုပ်စုများအား စတင်ထိုးနှံပေး
Aug 04,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရရှိသည့် ဦးစားပေး အုပ်စုများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို (အ.ထ.က)ဝေါလေမြိုင်ကျောင်းတွင် ယမန်နေ့နံနက် ၁၁ နာရီမှ စတင်၍ ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။
မိုင်းကိုင်မြို့နယ်အတွက် ခွဲဝေရရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အားလုံးထိုးနှံပေးပြီး
Aug 04,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဇူလိုင် လ ၃၁ ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရက် (၅)ရက်မြှောက်နေ့ ယနေ့ ဩဂုတ်လ ၄ ရက်နေ့ မနက် ၁၀ နာရီအချိန်တွင် မြို့နယ်အတွက် ခွဲတမ်းရရှိထားသော (Sinopharm) ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများအားလုံးကို အပြီးသတ် ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်သည်။
ချောင်းသာမြို့တွင် စတုတ္ထမြောက်နေ့အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း
Aug 04,2021
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင်ယမန်နေ့နံနက် ၉ နာရီ အချိန်မှ စတင်၍ ညနေ (၄) နာရီ အချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အို များ၊ ပညာရေးဌာနမှ ဝန်ထမ်းများစားသောက်ဆိုင်များရှိ ဝန်ထမ်းများ၊ စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းများ၊ စတိုးဆိုင်များရှိ ဝန်ထမ်းများ၊ ရွှေသာယာမြို့မစျေးရှိ စျေးသည်များနှင့် Hotel& Motel၊ တည်းခိုခန်းများရှိ အလုပ်သမားများအား လူမျိုးဘာသာမရွေးထိုးနှံပေးခဲ့ကြောင်း သိရ သည်။