သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ICRC မှ ဆေးစိမ်ခြင်ထောင်များ လှူဒါန်းပွဲသို့ တက်ရောက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအတူ မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေး
Aug 12,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)မှ ဆေးစိမ်ခြင်ထောင်များ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ပြီး မြောက်ပိုင်း တိုင်းစစ်ဌာန ချုပ်တိုင်းမှူးနှင့်အတူ မြစ်ကြီးနားမြို့ပေါ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး နှံပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ယမန်နေ့ နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မိတ္ထီလာမြို့နယ်တွင် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၂၀၀ ကျော်ဖြင့် ကျေးလက်လမ်း သုံးလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ရေကျော်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောက်ရွက်
Aug 12,2021
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၂၀၀ ကျော်ဖြင့် ကျေးလက်လမ်း သုံးလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ရေကျော်တံတား တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရ သည်။
မြိတ်မြို့နယ်ရှိ ကျေးရွာ(၂)ရွာတွင် ကုန်ထုတ်လမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး၍ စိုက်ပျိုးရေး ထုတ်ကုန်များ ယခင်ကထက် လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်
Aug 12,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးရွာ(၂)ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေး ရန်ပုံငွေ ကျပ်သန်း(၁၀၀)ကျော်ဖြင့်  ဆောင်ရွက်ခဲ့သည့် ကျေးလက်ကုန်ထုတ် လမ်း၊ ကွန်ကရစ်တံတားနှင့် Box Culvert များ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီဖြစ်၍ စိုက်ပျိုးရေးထုတ်ကုန်များ ယခင်ကထက် လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင် ပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မော်လိုက်မြို့၌ ကျင်းပ
Aug 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေးနည်းလမ်းများနှင့်အညီ ပြုလုပ်ခဲ့ရာ တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ် ရွက်ဆိုကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က သာသနာရေးဆိုင်ရာ လျှောက်ထားလွှာအား  ဖတ်ကြားလျှောက်ထားခဲ့သည်။
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၈၂ ဦး နမ့်စန်မြို့မှဖြတ်သန်း၍ နေရပ်အသီးသီးသို့ ဆက်လက်ထွက်ခွာ
Aug 12,2021
လာအိုနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ကြပြီးအကြောင်းအမျိုးမျိုးကြောင့် နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် သို့ ယမန်နေ့ ညနေ ၄ နာရီ ၅၀မိနစ်အချိန်တွင် ရောက်ရှိခဲ့ကြကြောင်းသိရသည်။
မြို့သစ်မြို့နယ်၌ အောက်ဆီဂျင် စက်ရုံ စတင်တည်ဆောက်
Aug 12,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်ကိုဗစ်- ၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့်  အခြားသော နာမကျန်းလူနာများအတွက်အောက်ဆီဂျင်လိုအပ်ချက်အခက်အခဲမဖြစ်စေရေးအတွက် မြို့နယ် ကိုဗစ် -  ၁၉ ရောဂါကာကွယ်  ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင် မှုဖြင့်မြို့သစ်မြို့နယ်  ရပ်မိရပ်ဖများ၊  ပရဟိတအသင်းအဖွဲ့များနှင့် ဌာနဆိုင်ဆိုင်ရာများ  ပူးပေါင်း၍ ယနေ နံနက်ပိုင်းက    မြို့သစ်မြို့နယ်   ပုလင်းကျေးရွာအနီးရှိ   မြေကွက်တွင်  အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက်   စတင်ဆောင်ရွက်လျက်ရှိသည်။
စည်ပင်သာယာမြို့မဈေးတွင် ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ ရောင်းချရန် နှိုးဆော် ဆောင်ရွက်
Aug 12,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ဈေးရောင်းချရန် အသိပေးနှိုးဆော်ခြင်းကို မြို့နယ်စည်ပင်သာယာဈေးအဖွဲ့မှ ယနေ့နံနက်က စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဈေးရောင်းချသူများထံ သွားရောက် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ဟားခါးမြို့ရှိ ဆေးဆိုင်များ၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိ မရှိနှင့် ဈေးနှုန်းကြီးမြင့် ရောင်းချမှု ရှိမရှိ ကွင်းဆင်းစစ်ဆေး
Aug 12,2021
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဆေးဆိုင်များ၌ ကျန်းမာ‌ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိမရှိနှင့် ဈေးနှုန်းကြီးမြင့်ရောင်းချမှုရှိ မရှိကို ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့က ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ခေတ္တပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။