ကောလင်း ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ သီလရှင်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအား ထပ်မံရရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံး ၁၀၀၀မှ ကျန်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား သြဂုတ် ၁၂ရက်နေ့နံနက် ၉ နာရီအချိန်၌ မင်းတဲကြီးရပ်ကွက် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကောလင်းမြို့နယ်၌ ထပ်မံရရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) အလုံး ၁၀၀၀ကို မြို့နယ်ပြည်သူ့ဆေးရုံ၌ သြဂုတ် ၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများနှင့်ပြည်သူများ ဆက်လက် ထိုးနှံပေးခဲ့ရာ အမျိုးသား ၁၃၄ဦး၊ အမျိုးသမီး ၁၅၈ဦး စုစုပေါင်း ၂၉၂ဦး ထိုးနှံပေးခဲပြီး၊ သြဂုတ် ၈ ရက်နေ့တွင် ထပ်မံ၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ရာ အမျိုးသား ၂၅၂ဦး၊ အမျိုးသမီး ၃၃၆ဦး၊ စုစုပေါင်း ၅၈၈ဦး၊ သြဂုတ် ၉ရက်နေ့တွင် ခမောက်တောင်ကျေးရွာ ဓမ္မာရုံနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် ထိုးနှံပေးခဲ့ရာ အမျိုးသား ၃၃ဦး၊ အမျိုးသမီး ၁၈ဦး စုစုပေါင်း ၅၁ဦး၊သြဂုတ် ၁၀ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် ထိုးနှံပေးခဲ့ရာ အမျိုးသား ၂၈ဦး၊ အမျိုးသမီး ၃၃ဦး၊ စုစုပေါင်း ၆၁ဦး သြဂုတ် ၁၁ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် ဆက်လက်ထိုးနှံပေးခဲ့ရာ အမျိုးသား ၂၉ဦး၊ အမျိုးသမီး ၂၁ဦး၊ စုစုပေါင်း ၅၀ဦးထိုးနှံပေးခဲပြီး၊ သြဂုတ် ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ အမျိုးသား ၄၇၆ဦး၊ အမျိုးသမီး ၅၆၆ဦး စုစုပေါင်း ၁၀၄၂ဦးအထိ ထိုးနှံပေးခဲပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။
မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီက ပြည်သူများလိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေး သတ်မှတ်ညွှန်ကြားချက်များအတိုင်း လူစုလူဝေးမဖြစ်စေရေး မြို့နယ်ဆရာဝန်ကြီး ဦးဆောင်ပြီး ဆေးထိုးစုရပ် အသီးသီး၌ ကာကွယ်ဆေးထိုးရာတွင် ပါဝင်ဆောင်ရွက်ကြသော ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ထွေ/အုပ် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေးထိုးရန် သတ်မှတ်ချက် (၁၂)ချက်နှင့်အကျုံးဝင်သူများအား စစ်ဆေး၍ စာရင်းကောက်ခြင်း၊ ကျန်းမာရေးစစ်ဆေးကာ သွေးပေါင်ချိန်ခြင်း၊ ကာကွယ် ဆေးထိုးခြင်း၊ ဆေးထိုးပြီးနားနေစေခြင်းတို့ကို တာဝန်ကိုယ်စီသတ်မှတ်ပြီး ကာကွယ်ဆေးထိုးပေးခဲ့ကြသည်။
ကောလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ကို စက်တင် ဘာလတွင် ပြန်လည်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေး ကော်မတီမှ သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)