ခန္တီး ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး အောက်ဆီဂျင်လိုအပ်သည့်လူနာများအား အောက်ဆီဂျင်ပေး ကုသနိုင်ရေးအတွက် Oxygen Plant စက်ရုံ တည်ဆောက်နေမှုအား ဩဂုတ်လ (၁၉)ရက် နံနက်(၁၀)နာရီခွဲအချိန်က စစ်ဗျူဟာအခြေချ(ခန္တီး) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသက်ထူးစံ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အဆောက်အဦမှာ (၄၀×၃၀×၁၄)ပေ(RC)တစ်ထပ် အဆောက်အဦဖြစ်ပြီး (၇၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကာ Oxygenစက်အားတပ်ဆင်၍ စတင်စမ်းသပ် လည်ပတ်လျက်ရှိပြီး (၄)နာရီတစ်ကြိမ်လျှင် Oxygen (၄၀)လီတာအိုး (၈)လုံးထွက်ရှိ ကြောင်းသိရသည်။
ဒီဇိုင်း(ရတနာမြေ)