အမ်းမြို့နယ်၌ ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေး ကွင်းဆင်း စစ်ဆေး

အမ်း    ဩဂုတ်   ၁၉

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ ကူးစက်ရောဂါကာကွယ်၊ ကုသရေးဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများအား ဈေးကွက်အတွင်း သတ်မှတ် အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေးအတွက် မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ဆေးဝါးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ယနေ့ နံနက်(၉)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေး အဖွဲ့ ဥက္ကဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေး၊ အတွင်းရေးမှူး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းခိုင်နှင့် အဖွဲ့ဝင်များ ဖြစ်သည့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသိန်းဇော်ထွန်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ  အမှုဆောင် အရာရှိ ဦးကျော်ကျော်နိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်ကျော်မိုး၊ မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းအိမွန်တို့က မြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအနေဖြင့် ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ ရောင်းချရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှု ရှိစေရေး၊ နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေးတို့အား တွန်းအားပေးကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများအနေဖြင့် ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများအား ဝယ်ယူသုံးစွဲရာတွင် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ် ရေးအဖွဲ့မှ စစ်ဆေးကြပ်မတ်ဆောင်ရွက်ပေးကြောင်းသိရှိရသည်။

စိုးမင်းထွန်း