လပွတ္တာ သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၁:၀၀) အချိန်ကလပွတ္တာမြို့နယ်ရွေးနဒီခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို လပွတ္တာမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မိသားစုစည်းကမ်း ထိန်းသိမ်းရေး ကော်မတီ၏ အစီအစဉ်ဖြင့် မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ၊ မြို့နယ်ရုံး၊ပြင်စလူမြို့နှင့် ၃မိုင်မြို့ဝန်ထမ်းမိသားစု များအား တစ်ဦးလျှင် ဆန်တစ်အိတ်၊ ဆီ တစ်ပိဿာနှင့်ကြက်ဥ ဆယ်လုံးစီစသည့် အခြေခံ စားသောက်ကုန်များ အားထောက်ပံ့ပေးအပ်ခဲ့ရာ စုစုပေါင်းဝန်ထမ်းမိသားစု (၅၀)ဦအား ထောက်ပံ့ပေး အပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယောဧရာ (ခရိုင်ပြန်/ဆက်)