ချောင်းဆုံ ဩဂုတ် ၁၉
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ဒေသဝမ်းစာ ဆန်စပါးဖူလုံစေရေးအတွက် ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးဧက (၆၅၃၇၆)ဧက စိုက်ပျိုးရန် လျာထားလျက်ရှိပြီး ယနေ့အထိ စိုက်ပျိုးပြီးဧကမှာ (၆၅၂၁၁)ဧကရှိပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်အတွင်း ဒေသတွင်းဆန်စပါးဖူလုံစေရေးနှင့် အထွက်တိုးစပါးများ မျိုးကောင်းမျိုးသန့်စပါး များရရှိစေရေးအတွက် မြို့နယ်အတွင်းရှိကညှော်ကျေးရွာ၌တောင်သူ(၁၃၈)ဦးက ဘက်စုံအဆင့် မြင့်နည်း ပညာသုံးစံပြကျေးရွာ စပါးစိုက်ဧက (၃၀၀)ကိုလည်းကောင်း၊ စံပြစိုက်ကွက် ပေါ်ဆန်းရင် မျိုးစပါး မျိုးစေ့ ထုတ် စိုက်ဧက (၁၀၀)ကို တောင်စွန်းကျေးရွာ၌ တောင်သူ (၁၄)ဦးက စိုက်ဧက (၅၀)ကိုလည်းကောင်း၊ ကော့ကဒိုက်ကျေးရွာရှိ တောင်သူ(၁)ဦးက စိုက်ဧက (၂၀)ကိုလည်းကောင်း၊ ကမာကေးကျေးရွာရှိ တောင်သူတစ်ဦးက စိုက်ဧက(၃၀)ကိုလည်းကောင်း၊ မျိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးခဲ့ကြပြီး၊ ယနေ့အချိန်ထိ စပါးစိုက်ခင်း မျိုးခွဲအလိုက် စိုက်ပျိုးပြီးစီးမှုမှာ ဘန်ကောက်စပါး (၁၅၂၉၂)ဧက ကျွန်းရွှေဝါစပါး (၇၆၅၂)ဧက၊ ရွှေတစ်ဆုပ် စပါး(၁၂၉၆၉)ဧက၊ ပေါ်ဆန်းရင်စပါး (၁၈၃၆၂)ဧက၊ မီးဒုံးစပါး (၁၀၄၆၇)ဧက၊ ကောက်ညှင်း(၄၆၉)ဧက စုစုပေါင်း (၆၅၂၁၁)ဧကအား စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးကျော်လွင်ထံမှ သိရသည်။
ချောင်းဆုံ