သတင်းများ

မိုင်းပန်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးသည့် မိုးစပါးဧကများသို့ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု
Aug 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဩဂုတ်လ (၁၆)ရက်နေ့ည (၇) နာရီခွဲအချိန်မှစ၍ မိုးရေချိန် (၃.၁၆)လက်မခန့် ရွာသွန်းခဲ့ခြင်းကြောင့် နမ့်ပန်ချောင်းရေကြီးခဲ့ပြီး ချောင်းဘေးတစ်လျောက်ရှိ ကျေးရွာအုပ်စု (၃) အုပ်စုအတွင်းမှ မိုးစပါးသီးနှံစိုက်လယ်ဧရိယာ (၁၃၄.၅၃) ဧကခန့် နှင့် ယာဧရိယာ (၁ဝ.၆၁) ဧကခန့် မိုးစပါးစုစုပေါင်း (၁၄၅.၁၄) ဧကခန့် တို့တွင် ရေလွှမ်းမိုးခြင်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မင်းပြားမြို့နယ်၌ အိမ်ထောင်စု(၁၂၂)စုအတွက် မင်းပြားလူငယ်အစည်းအရုံး(MBYA) အဖွဲ့မှ အခြေခံစားသောက်ကုန်ပစ္စည်းများလှူဒါန်း
Aug 19,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မင်းပြားမြို့နယ်၌ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ (COVID-19)ကူးစက်မြန်ရောဂါဖြစ်ပွားနေသဖြင့်ဝေးလံကျေးရွာများ၌ စားဝတ်နေရေးအဆင်ပြေ စေရန်အတွက် မင်းပြားလူငယ်အစည်းအရုံး(MBYA) အဖွဲ့မှ ယနေ့ နံနက် (၁၀)နာရီအချိန်က ဆန်နှင့်မီးဖိုချောင်သုံးပစ္စည်းများ ကိုကျေးရွာများနှင့်မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်ပြီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြေပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ပျံနှံ့မှုမရှိရေးအတွက် Mask Campaign လုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 19,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ကိုဗစ်-၁၉ ရောဂါပျံနှံ့ကူးစက်မှုမရှိစေရေးအတွက် Mask Campaign လှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျှက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်ချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်းပြီး ယနေ့နံနက် (၉:၃၀) နာရီမှစတင်၍  ဈေးလမ်းဆုံများ၌ ဈေးရောင်းဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာသူများအား ကိုဗစ်-၁၉ ရောဂါပျံနှံကူးစက်မှုမရှိစေရေးအတွက် Mask များအခမဲ့ဖြန့်ဝေပေးသည်။
အိမ်မဲမြို့နယ်သို့ အောက်ဆီဂျင်ထုတ်စက်ရောက်ရှိ
Aug 19,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်သို့ အောက်ဆီဂျင်ထုတ်စက် ယမန်နေ့ မွန်းလွဲပိုင်းက ရောက်ရှိကြောင်းသိရသည်။
ငါးသိုင်းချောင်းမြို့တွင် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 19,2021
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပုသိမ်ခရိုင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ အားကစားနှင့်ကာယပညာကော်မတီသို့ အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ Stay at Home စည်းကမ်းချက်အား မလိုက်နာသော ပြည်သူများကို စစ်ဆေးအရေးယူ
Aug 19,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း Stay at Home သတ်မှတ်ထားသည့်ကာလ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာနိုင်ရေးအတွက် ယနေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့အဝင် ပြည်လုံးချမ်းသာဘုရားအနီးတွင် စုရပ်ပြုလုပ်၍ Stay at Home စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာခြင်း မရှိသော ပြည်သူများကို ကြပ်မတ်စစ်ဆေး အရေးယူခြင်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 19,2021
          အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် အိမ်​ထောင်စု(၁၀၀)စုအတွက် အ​ခြေခံစားကုန်ပစ္စည်း (၅)မျိုး ကာလဒါနလှူဒါန်း
Aug 19,2021
                 ရန်ကုန်တိုင်း​ဒေသကြီး​၊​ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ရေး၊ ကုသ​ရေးနှင့် အ​ရေး​ပေါ်တုန့်ပြန်​ရေး​ကော်မတီ၏ လမ်းညွှန်မှုဖြင့်  ကိုဗစ်၁၉-​ရောဂါ ထိန်းချုပ်​ရေးနှင့် ကာကွယ်​ရေး အထောက်အကူပြု​ကော်မတီမှ မြို့နယ်အတွင်းရှိ လက်ရှိဖြစ်​ပေါ်​နေ​သော ကိုဗစ်-၁၉​ရောဂါ ကူးစက်ခံရမှု​ကြောင့် ပြည်သူများ လူမှု​ရေး၊ စီးပွား​ရေး၊ ကျန်းမာ​ရေး၊ မိသားစုစားဝတ်​နေ​ရေးအခက်အခဲများ ဖြစ်​ပေါ်​လျှက်ရှိ​သော ရပ်ကွက်များတွင် ကြိုတင်စာရင်း​ကောက်ယူပြီး​ သဒ္ဓါတရား ထက်သန်သည့် အလှူရှင်များနှင့် ချိတ်ဆက်ပြီးတတ်နိုင်သ​လောက် ​ဆောင်ရွက်​ပေးလျှက်ရှိရာ ယ​နေ့ တွင် ​ပေါက်ကုန်းရပ်ကွက်အတွင်းရှိ အိမ်​ထောင်စု​ပေါင်း(၁၀၀)စုအား  အ​ခြေခံစားကုန်(၅)မျိုး ဆန်၊ ဆီ၊ ကြက်ဥ၊​ ခေါက်ဆွဲ၊ ကြာဆံတို့ကို ရပ်ကွက်အပိုင် ရာအိမ်မှူးများမှတဆင့်​ (ကျော်မိသားစု၊ ဆိုနာလီကာ ထွန်စက်ကုမ္ပဏီလီမိတက်) ဦးကျော်စိန်​၊ ဒေါ်မန်းတို့က နံနက်ပိုင်းတွင် သတ္တမအကြိမ် ဝါဆိုသင်္ကန်းကပ်လှူ၍​ မွန်းလွဲ(၁)နာရီတွင် ပြည်သူများအတွက် သဒ္ဓါထက်သန်စွာဖြင့် ကျော်ကုမ္ပဏီ​ရှေ့တွင် လှူဒါန်းခဲ့​ကြောင်း သိရသည်။