ညောင်ဦးမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များနှင့် စားအုန်းဆီအရောင်းဆိုင်များ ရည်ညွှန်းနှင့်အချိန်အတွယ် မှန်ကန်စွာရောင်းချခြင်း ရှိ၊ မရှိကွင်းဆင်းစစ်ဆေး

ညောင်ဦး ဇူလိုင် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များနှင့် စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း၊ အချိန်အတွယ်မှန်ကန်စွာ ရောင်းချခြင်းရှိမ၊မရှိ ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ခွဲတမ်းရစားအုန်းဆီအရောင်းဆိုင်များ၊ စက်သုံးဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ၊ မရှိနှင့် သတ်မှတ်အရေအတွက်အတိုင်း ရောင်းချမှု ရှိ၊မရှိ လိုက်လံစစ်ဆေးခြင်းတို့ကို စားသုံးသူဝယ်ယူသုံးစွဲသူများအား စားအုန်းဆီဝယ်ယူရာတွင် အခက် အခဲရှိ မ၊ မရှိတို့အား ဝယ်ယူသုံးစွဲသူများအား ပူးပေါင်းအဖွဲ့က တိုက်ရိုက်မေးမြန်းခြင်း၊ စက်သုံးဆီအရောင်းဆိုင်များ အချိန်အတွယ် ဆီသိုလှောင်ထားရှိသည့် ကန်များတိုင်းတာစစ်ဆေးခြင်း၊ စက်သုံးဆီအရည်အသွေးစစ်ဆေးခြင်း၊ အချိန်အတွယ်စစ်ဆေးခြင်း၊ ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချခြင်းမရှိပါက သတ်မှတ်ပြဋ္ဌာန်း နည်းဥပဒေ၊ ဥပဒေတို့နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း