ချောက်မြို့နယ်၌ မြေနိမ့်ကော်ဖီ(ရိုဘတ်စတာ) တစ်ဧကစမ်းသပ်စိုက်ပျိုး
Jul 12,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် စလေမြို့ မကျီးကန်ကျေးရွာအုပ်စု ကွင်းအမှတ် (၂၂၈၁) တောင်သူ ဦးရဲညွန့်၏သရက်စိုက်ခင်းအတွင်း မြေနိမ့်ကော်ဖီ (ရိုဘတ်စတာ) တစ်ဧကစမ်းသပ်စိုက်ပျိုးခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးခဲ့သည်။