သတင်းများ

နတ်တလင်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်၊ စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်
Sep 09,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်၊ စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြည်တော်သာ အ.မ.က ကျောင်း၌ ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Sep 09,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန်နှင့် ပလတ်စတစ်သုံးစွဲမှုလျော့နည်းပပျောက်စေရန် ဈေးရောင်းဈေးဝယ်များအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်
Sep 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ပတုပ်ကျေးရွာအုပ်စု၊ ပုဂံတောင်ကျေးရွာအုပ်၊ ကွန်ကလကျေးရွာအုပ်စုတို့ရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ ၇ ရက်နေ့ နံနက် ၉ နာရီက သက်ဆိုင်ရာကျေးရွာ အ.မ.က စာသင်ကျောင်းတို့၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနား ကျင်းပ
Sep 09,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ၂၀၂၅ ခုနှစ် ညောင်လေးပင်ခရိုင် ညောင်လေးပင်ခရိုင်၊စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဖလား မြို့နယ်ပေါင်းစုံအသက် ၂၅ နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲဆု ပေးပွဲအခမ်းအနားကျင်းပခဲ့သည်။
ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ Book Club အစည်းအဝေးကျင်းပ
Sep 09,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)၌ စက်တင်ဘာလ ၇ ရက်နေ့နံနက် ၁၀ နာရီက Book Club အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်အတွင်း ဆောင်ရွက်မည့်ရွေးကောက်ပွဲမဲရုံများ ကြည့်ရှု
Sep 09,2025
သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရွေးကောက်ပွဲအတွက်လျာထားစီစဉ်ထားသည့်မဲရုံများအား စက်တင်ဘာလ ၇ ရက်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ က ကွင်းဆင်းကြည့်ရှုကြသည်။
စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းဆင်းနှုတ်ဆက်ပွဲ အခမ်းအနား ကျင်းပ
Sep 09,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ  စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး)၏ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းဆင်းနှုတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဒုတိယဦးစီးမှူး ဒေါ်နီလာသန်း၊ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ သံကူကွန်ကရစ်တံတားတည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Sep 09,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပြည်နယ်(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် တည်ဆောက်မည့် ဝမ်ခိုကဲ-ဟောင်ကျန့်-ဝမ်ကောင်း-ဝမ်တောင်းလမ်း(ထပ်လုံစေတီလမ်း)ပေါ်ရှိ ပေ(၃၀) သံကူကွန်ကရစ်တံတား တည်ဆောက်မည့်နေရာအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ စက်တင်ဘာလပထမပတ်က တံတားတည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။