သတင်းများ

တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ကော့သောင်းမြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု
Jul 12,2026
တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦးနှင့် တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာအုပ်စု (၈)မိုင်ကျေးရွာ၊ ဘန်းကချွန်ကျေးရွာအုပ်စု စိုင်ဒင်းကျေးရွာများသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်အလိုက်အသက်(၂၃)နှစ်အောက်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်
Jul 12,2026
၂၀၂၆ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်အလိုက်အသက်(၂၃)နှစ်အောက် ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇူလိုင်(၁၀)ရက် ညနေ(၄)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အင်းလေးကန်အတွင်း ငါးမျိုးစိုက်ထည့်ပေးခြင်းနှင့် အင်းလေးဒေသ MSME  ကုန်ထုတ်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 12,2026
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အဖွဲ့ဝင်များနှင့်အတူ ဇူလိုင်(၁၁)ရက်နံနက်ပိုင်းက ညောင်ရွှေမြို့ဖောင်တော်ပြန်(VIP)အဆောင်၌ အင်းလေးကန်သဘာဝရေပြင်အတွင်းသို့စုပေါင်းငါးမျိုးစိုက်များထည့်ပေးကြသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုများ ကြည့်ရှု၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနား တက်ရောက်
Jul 11,2026
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော် လွိုင်ကော်အား မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့ဖြစ်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများစဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများနှင့်အတူ သူနာပြုသိပ္ပံကျောင်း သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုအားပေး
Jul 11,2026
မြို့အင်္ဂါရပ်နှင့်အညီ Green City, Clean City ဖြစ်စေရေး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို အခါအားလျှော်စွာ စုပေါင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
မြစ်သားမြို့နယ်၌ ယခုနှစ်နွေသီးနှံရာသီတွင်စပါး (၂၀၁၁၀)ဧက လျာထားပြီး လျာထားဧကအားလုံး စိုက်ပျိုးပြီး
Jul 11,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် နွေသီးနှံရာသီတွင် စပါး (၂၀၁၁၀)ဧကလျာထားပြီး လျာထားဧကအားလုံး စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထန်းတပင်မြို့နယ်၌ စားအုန်းဆီရောင်းချနေမှုအား တာဝန်ရှိသူများက ကြပ်မတ်ကြည့်ရှုစစ်ဆေး
Jul 11,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ယနေ့ နံနက် ၉ နာရီက စားအုန်းဆီရောင်းချနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူများအတွက် ပါမောက္ခ၊ အထူးကုဆရာဝန်များ ကွင်းဆင်းဆေးကုသမှုအစီအစဉ် ဆောင်ရွက်ပေးနေမှုနှင့် ပြည်သူများအတွက် သားအိမ်ခေါင်းကင်ဆာရောဂါ အကြိုအဆင့် စစ်ဆေးကုသခြင်း ဆောင်ရွက်ပေးနေမှုတို့အား ကြည့်ရှုအားပေး
Jul 11,2026
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သန့်ရှင်း၍ စိမ်းလန်းစိုပြည်ကျောင်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းအတွင်းရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။