မိုးညို ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ မင်းလှ-မိုးညိုလမ်း၊ မိုင်တိုင်အမှတ် (၁၅ / ၇) နှင့် (၁၆ / ၀) အကြားတွင် ဝါးတစ်အုပ်တစ်မစိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့်အဖွဲ့ဝင်များထံ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်နှင့်ဝန်ထမ်းများက ဝါးစိုက်ပျိုးရန်အတွက် ဝါးငုတ်တက်များပေးအပ်ခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ပြည်သူများ စုစုပေါင်းအင်အား (၁၅၀) ဦးခန့်ဖြင့် ဝါးတစ်အုပ်တစ်မစိုက်ခင်း (၁) ဧကတွင် တင်းဝါး (၂၀၀) ပင်၊ ထီးရိုးဝါး (၁၀၀) ပင်တို့အား စုပေါင်းစိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)