ရမ်းဗြဲ ဩဂုတ်-၂၀
မေး = မင်္ဂလာပါရှင့် အစ်ကို အမည်ကိုသိပါရစေရှင့်။
ဖြေ = ဟုတ်ကဲ့၊ ကျွန်တော်နာမည် ကိုကျေုာ်ကျော်နိုင်ပါ။“We Love Rakhine” အဖွဲ့ရဲ့EC တစ်ယောက်ဖြစ်ပါတယ်။
မေး = “We Love Rakhine”အဖွဲ့က ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းတွေမှာလည်း ပြည်သူတွေကို လှူဒါန်းမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်ရှင့်၊ ဒုတိယလှိုင်းတွေမှာလည်း လူငယ်တွေနဲ့တက်တက်ကြွကြွဆောင်ရွက်ပြီး လှူဒါန်းပေးနေမှုတွေ့ကိုတွေ့ရှိ နေရပါတယ်ရှင့်၊ ခုချိန်မှာ စားဝတ်နေရေးအခက်ခဲကြုံတွေ့နေရတဲ့ ပြည်သူ
တွေကို လှူဒါန်းပေးနေမှု အခြေအနေတွေကို သိပါရစေလား ရှင့်။
ဖြေ = ဟုတ်ကဲ့ပါခင်ဗျ။ ကျွန်တော်တို့ “We Love Rakhine”က ရခိုင်ပြည်နယ်(၁၇)မြို့နယ်စလုံးမှာတော့ ဒီလုပ်ငန်း တွေအားလုံးလုပ်လို့ရှိကြပါတယ်။ ကျွန်တော်တို့ ရမ်းဗြဲမြို့နယ်အတွက်ကတော့ ကိုဗစ်-၁၉ ဖြစ်စဉ် အတွင်းမှာ ကျွန်တော်တို့ရမ်းဗြဲမြို့နယ်တွင်းနှင့် တစ်နိုင်ငံလုံးပျံ့နေတဲ့အချိန်မှာ “We Love Rakhine”က ကျွန်တော်တို့ ရမ်းဗြဲမြို့နယ်အတွက် First wave နှင့် Second wave တွေမှာ တစ်အိမ်ထောင်ကို ငွေ(၁၀၀၀၀)ကျပ်နှုန်းနှင့် အိမ်ခြေ(၃၀၀)ကို အခြေခံလူတန်းစားများတွက်၊အခြေခံစားကုန်တွေရမ်းဗြဲမြို့ပေါ် မှစိတ်ပါဝင်စားတဲ့ လူငယ်တွေနဲ့ အိမ်တိုင်ယာရောက် ရပ်ကွက်၊ ကျေးရွာများသို့သွားရောက်လှူဒါန်းပေးခဲ့ပြီး ဖြစ်ပါတယ်။
အခု Third wave မှာတော့ ကျွန်တော့်တို့ “We Love Rakhine”က အခြေခံစားကုန်တွေ တစ်အိမ်ကို (၁၂၀၀၀)ကျပ်နှုန်း သတ်မှတ်ထားပါတယ်။ First နှင့် Second wave မှာ တစ်အိမ်ထောင်ကို (၁၀၀၀၀)ကျပ် နှုန်းနှင့် သတ်မှတ်ပေးခဲ့ပေမဲ့ ခုကုန်ဈေးနှုန်းတွေ အကုန်လည်းကြီးလာတော့ (၁၂၀၀၀)သတ်မှတ်ထားပါ တယ်။ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ ငနီတူ(ငါးခြောက်)၊ အာလူးတို့ကို အိမ်ခြေ(၁၂၀)သတ်မှတ်ပြီးတော့၊ ရမ်းဗြဲမြို့နယ်ရဲ့ တကယ်တမ်းမပြည့်စုံတဲ့ ကျေးရွာတွေကို ကိုယ်တိုင် သွားပြီးတော့ ရမ်းဗြဲမြို့နယ်ရဲ့ တက်ကြွ တဲ့လူငယ်တွေနဲ့ အိမ်တိုင်ယာရောက် သွားရောက်လှူဒါန်းခဲ့ကြ ပါတယ်။
စားကုန်အပြင် “We Love Rakhine”က ကျွန်တော်တို့ ရမ်းဗြဲမြို့နယ်ထဲမှာလိုအပ်နေတဲ့ Face Shieldတို့ Mask တို့ Hand Gel တို့ ပိုးသတ်ဆေးဖြန်းရည်တို့ Dead Body အိတ်တို့ အစစအရာရာ ထောက်ပံ့ပြီးတော့ ကျေးရွာတွေအဆင့်ထိသွားပြီး ထောက်ပံ့ပေးလျှက်ရှိပါတယ်ခင်ဗျား။ ခုThird wave မှာတော့ ရမ်းဗြဲမြို့နယ်ရဲ့ လမုခြေကျေးရွာအုပ်စုမှ သင်းဂနက်ကျေးရွာမှာ အိမ်ခြေ (၁၀၅)အိမ် အခြေခံလူတန်းစားတွေကို လှူဒါန်းထား ပြီးဖြစ်ပါတယ်။ ခုရမ်းဗြဲမြို့နယ် ပုံညဝတီကျေးရွာမှာ အခြေခံလူတန်းစားအိမ်ခြေ (၂၀)ကို ထပ်ပေးထားပြီး ဖြစ်ပါတယ်။ အခြေခံစားကုန် ဆန်၊ ဆီ၊ ငရုပ်၊ ကြက်သွန် တို့ပေးဖြစ်ပါတယ်ခင်ဗျာ့။ ကျွန်တော်တို့ “We Love Rakhine” အနေနှင့် မြို့နယ်ထဲက မည်သူမဆိုပေါ့ စေတနာရှင်လူငယ်တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့နှင့် ပူးပေါင်းပြီးတော့ မြို့နယ်ရဲ့ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ပူးပေါင်းပြီးတော့ တတပ်တ အားပါဝင်ဖို့လည်း ဖိတ်ခေါ်ပါတယ်ခင်ဗျာ့။
နောက်ပြီးတော့ ကျွန်တော်တို့ “We Love Rakhine”က ရခိုင်ပြည်နယ်(၁၇)မြို့နယ်ထဲမှာ ခုဆိုလို့ရှိရင် တစ်အိမ်ထောင်(၁၂၀၀၀)ကျပ်နှုန်းသတ်မှတ်ပြီးတော့ အိမ်ခြေတစ်သောင်းဝန်းကျင်ကို ပေးဝေထားပြီးဖြစ် ပါတယ်။ ကျွန်တော်တို့အိမ်ခြေ ၅-သောင်း ၅-ထောင်ပေးဖို့ အစီအစဉ်ရှိပါတယ်။ တစ်ပြည်နယ်လုံးမှာရှိတဲ့ ရခိုင်အမျိုးသားတွေရဲ့ ဘက်စုံဖွဲ့ဖြိုးမှုအတွက်နှင့် အိမ်ခြေ(၅)သောင်း (၅)ထောင်လောက်ကိုသတ်မှတ်ထားပြီး အဆင့်မျိုးမဟုတ်ဘဲ၊ ထာဝရရေရှည် ရခိုင်လူတွေဘယ်လိုအောင်မြင်မလဲ၊ ဘယ်လိုရပ်တည်မလဲ၊ ဘယ်လို စီးပွားရေး လူမှုရေး ပညာရေး ဘယ်လိုအောင်မြင်မလဲဆိုတာကို plan ဆွဲပြီးတော့ ဆက်သွားမဲ့ အစီအစဉ်ရှိ ပါတယ်ခင်ဗျာ့။
ဒီအစီအစဉ်တွေထဲမှာ ကျွန်တော်တို့ ပညာရေးအသက်မွေးဝမ်းကျောင်းရေ၊ ရေလုပ်ငန်းတွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေ၊ မွေးမြူရေးလုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးလုပ်ငန်းတွေ၊ ရှေးဟောင်းအမွေအနှစ် ပစ္စည်း ထိမ်းသိန်းရေးလုပ်ငန်းတွေ ဒီလုပ်ငန်းတွေ ကိုလည်း plan ဆွဲပြီးတော့ ရေရှည်မှာ “We Love Rakhine”က ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အတတ်နိုင်ဆုံးဆောင်ရွက်သွားမယ်လို့လည်း ကျွန်တော်တို့အဖွဲ့မှာ Planရှိပါတယ်ခင်ဗျာ့။ “We Love Rakhine”သို့ တစ်စုံတစ်ရာတစ်ခုခုပါဝင်ချင်တယ်၊ ပူးပေါင်းချင်တယ်၊ လှူဒါန်းချင်တယ်ဆိုလို့ရှိရင်လည်း၊ ရန်ကုန်မြို့၊ စန်းချောင်း၊ ဗဟိုလမ်းမှာ ရုံးဖွင့်လှစ်ထားလျက်ရှိပါတယ်ခင်ဗျာ့။ ဖုန်းနံပါတ်ကတော့ 09790901466 ဖြစ်ပါတယ်ခင်ဗျား။ ကျွန်ုပ်တို့ကို ခုလိုမျိုးပြုလုပ်ပေးတဲ့အတွက်လည်း ကျေးဇူးပါတယ် ခင်ဗျား
အောင်နိုင် (ပြန်/ဆက်)