ဟိုင်းကြီးကျွန်း သြဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အနေဖြင့် လမ်းမကြီးနှင့်လမ်းကြားများအား စက်ဖြင့် ပိုးသတ်ဆေးဖျန်း ခြင်းကို ယနေ့နေ့လယ် ၁၁နာရီ အချိန်တွင် အမှတ်(၁)ရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပိုးသတ်ဆေးဖျန်းခြင်းကို ဟိုင်းကြီးကျွန်းမြို့အမှတ် (၁)ရပ်ကွက် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဦးဆောင်ပြုလုပ်ခဲ့ပြီး စက်ဖြင့် ပိုးသတ်ဆေးဖျန်းခြင်းကို စျေးလမ်းမှစ၍ ကမ်းနားလမ်း၊ မြချယ်ရီလမ်း၊ ပိတောက်ရွှေဝါလမ်း၊ ရွှေယင်းမာလမ်း၊ ရွှေစံပယ်ဖြူလမ်း၊ ခိုင်သဇင်လမ်း၊ သရဖီလမ်း၊ သော်ကမြိုင် လမ်း၊ ရွှေအင်ကြင်းလမ်း၊ ငွေစံပယ်ဖြူလမ်း အစရှိသည့်လမ်းမများတစ်လျှောက် ကားဖြင့် ပက်ဖျန်းသွားပြီး ကားဝင်ရောက်ရန်ခက်ခဲသည့်လမ်းများကို စေတနာ့ဝန်ထမ်းများမှ ပိုးသတ်ဆေးပုံးများဖြင့် ဝင်ရောက်ဖျန်းပက်ပေးခဲ့ကြောင်း သိရသည်။