မင်းဘူး ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ပေးနေသော ပရိတလူမှုကူညီရေးအသင်း အဖွဲ့အစည်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ခရိုင်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မင်းဘူးမြို့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းကို PPE ဝတ်စုံ (၂၅)ထည်၊ Mask (15)ဘူး၊ လက်အိတ် (၂)ဘူး၊ Surgical gown မျက်မှန် (၃)ဘူး၊ ချမ်းသာကြီးပရဟိတ လူမှုကူညီရေး(မင်းဘူး)ကို PPE ဝတ်စုံ (၁၀)ထည်၊ Mask (15)ဘူး၊ Surgical gown ဝတ်စုံ (၁၀)ထည်၊ လက်အိတ် (၂)ဘူး၊ Surgical gown မျက်မှန် (၃)ဘူးနှင့် စကုမြို့ မြတ်စေတနာ နာရေးကူညီမှုအသင်းကို PPE ဝတ်စုံ အထည် (၂၀)၊ Mask (15)ဘူး၊ Surgical gown ဝတ်စုံ (၁၀)ထည်၊ လက်အိတ် (၂)ဘူး၊ Surgical gown မျက်မှန် (၃)ဘူး တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)