သတင်းများ

လင်းခေးခရိုင် ဟိုမိန်းမြို့ပြည်သူများအား အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ် ပေးအပ်
Aug 20,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လင်းခေးခရိုင်၊လင်းခေးမြို့နယ်ဦးစီးဌာနမှ ‘ပန်းခင်းစီမံချက်”ဖြင့် ဟိုမိန်းမြို့ ပြည်သူ(၃၂)ဦးအတွက် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ထုတ်ပေးခြင်းကို ယမန်နေ ့မွန်းလွဲ၄နာရီက လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်၌ ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိရေး ကြပ်မတ်စစ်ဆေး
Aug 20,2021
ကျောက်ဆည်ခရိုင်၊တံတားဦးမြို့နယ်အတွင်း ဒေသခံပြည်သူများ ဆေးဝါးနှင့် စားသောက်ကုန် ပစ္စည်းများ ဝယ်ယူစားသုံးရာတွင်အဆင်ပြေစေရန်နှင့် ကိုဗစ်-၁၉ကာလ ဆေးဝါးနှင့် စားသောက်ကုန် ပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ မရှိရေးအတွက် ယနေ့နံနက်ပိုင်းကမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး မြို့ပေါ်ရှိ ဆေးဝါးပစ္စည်း အရောင်းဆိုင်များနှင့် စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးကြောင်းသိရသည် ။
ဘူးသီးတောင်မြို့တွင်Stay at Home နေထိုင်ကြသူများအားပရဟိတအဖွဲ့များပူးပေါင်း၍အခြေခံစား သောက်ကုန်များကူညီထောက်ပံ့
Aug 20,2021
ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့်ဆက်စပ်သည့်Stay at Home နေထိုင်ကြသည့် လက်လုပ်လက်စားများအား ဘူးသီးတောင်မြို့ပရဟိတအဖွဲ့များပူးပေါင်း၍ ယမန်နေ့က​ အခြေခံ စား သောက်ကုန်များကူညီထောက်ပံ့ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးဆိုင်ရာ ကိစ္စရပ်များတွင် အသုံးပြုရန်အတွက် အလှူရှင်များမှ (တတိယအကြိမ်မြောက်) အလှူငွေများလှူဒါန်း
Aug 20,2021
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အလှူရှင်များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် (တတိယအကြိမ်မြောက်) အလှူငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃နာရီက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှိ မြို့တော်ခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အတွင်းရေးမှူးနှင့်အလှူရှင်များ တက်ရောက်ကြသည်။
မုဒုံမြို့၌ အခြေခံအိမ်ထောင်စု (၇၀၀)ကျော်အတွက် ဆန်အိတ်နှင့်စားသောက်ကုန် ပစ္စည်းများ လှူဒါန်း
Aug 20,2021
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျောက်တလုံးကျေးရွာနေ အေးမြင့်ကျော်(ပဲမျိုးစုံမိသားစု)လုပ်ငန်းမှ ဆန်အိတ်နှင့် စားသောက်ကုန်ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက စတင်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 20,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံသား များဖြစ်ကြသည့် တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများအား ကယားပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ကျောက်ဆည်မြို့နယ်တွင် စီမံကိန်းစိုက်ပျိုးဧက (၇၇၃၁)ဧကအား ရေပေးဝေနေသော နောင်ခမ်းမြောင်းဘောင် ကွန်ကရစ်စီခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Aug 20,2021
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် စိုက်ပျိုးရေများပေးဝေရာတွင် လေလွှင့်ဆုံးရှုံးမှုမရှိစေရေး၊ အကျိုးရှိစွာပေးဝေနိုင်ရေးအတွက် ရေပေးဝေမြောင်းများအား စနစ်တကျပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မိုးရေတိုက်စားခြင်းကြောင့် ပျက်စီးသွားသည့် စီမံကိန်းသီးနှံစိုက်ပျိုးဧက (၇၇၃၁)ဧကအား ရေပေးဝေနေသည့် နောင်ခမ်းမြောင်းဘောင် ကွန်ကရစ်စီခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
လွိုင်ကော်မြို့ ဘီလူးချောင်းသဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းဆောင်ရွက်
Aug 20,2021
ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး၊ ငါးမျိုးပြန့်ပွားစေရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်၍ ပြည်နယ်အတွင်းရှိ သဘာဝရေပြင်များဖြစ်သည့် ရေကန်များ၊ ချောင်းများနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် တတိယအကြိမ်ငါးမျိုးများ စိုက်ထည့်မှုအဖြစ် ယနေ့နံနက် ၉ နာရီတွင် လွိုင်ကော်မြို့နယ်၊ မှုံပြာကျေးရွာ၊ ဘီလူးချောင်းသဘာဝရေပြင်အတွင်းသို့ ရွှေဝါငါးကြင်းငါးသားပေါက်ကောင်ရေ (၅၀၀၀၀)၊ မြက်စားငါးကြင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀)၊ ခေါင်းကြီးငါးကြင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀)၊ ထိုင်းငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၁၀၀၀၀) တို့အား ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကိုကျင်းပခဲ့သည်။