ဆွမ်ပရာဘွမ် ဩဂုတ်၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ်-၁၉ကာလတွင်ကိုဗစ် -၁၉စည်းကမ်းချက် များနှင့်အညီမြို့ပေါ်ရပ်ကွက်ရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့က ဩဂုတ်၂၀ရက် မွန်းလွဲ၁နာရီခွဲအချိန်က စစ်ဆေးခဲ့ကြောင်းသိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်တွင်ဆေးဝါးနှင့် ကုန်စုံကြီးကြပ်ရေးအဖွဲ့က မြို့နယ်ကိုဗစ်-၁၉ကော်မတီများမှချ မှတ်ထား သော စည်းကမ်းချက်များဖြင့် စစ်ဆေးခဲ့ရာ ကုန်စုံဆိုင်နှင့် ဆေးဝါးပေါင်းပစ္စည်းဆိုင်အဖြစ်သာရောင်း ချခြင်းဖြစ် ရာမြို့နယ်အတွင်း ဖြစ်ပေါ်တတ်သော ဖျားနာ၊ ဝမ်းရောဂါနှင့် အခြားရောဂါ အမျိုးမျိုး ပျောက်ကင်းစေ သောဆေးဝါးများပြတ်လပ်မှု မရှိစေရေးရောင်းချရန်၊ ရက်လွန်ဆေးဝါးများနှင့် ကုန်စည်များ ရောင်းချခြင်း မပြုရန်၊ သတ်မှတ် ထားသော အရည်အသွေးပြည့်ဝဆေးဝါးနှင့် ဆေးပစ္စည်းများသာ ရောင်းချရန်၊ ဆေးဝါးနှင့် ဆေးပစ္စည်းများအား ဈေးနှုန်းမှန်ကန်စွာ ရောင်းချရန်စသည် များမှာကြား ဆွေးနွေး စစ်ဆေး ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အဆိုပါဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေး အဖွဲ့မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဒုတိယမြို့နယ် အုပ်ချုပ်ရေး မှူးဦးချစ်စမ်းအောင်၊ မြို့နယ်စီမံကိန်း၊ မြို့နယ်စည်ပင်၊ ရဲတပ်ဖွဲ့များ၊ ကျန်းမာရေးဌာနများ အဖွဲ့ကကိုဗစ်-၁၉စည်းကမ်းချက်များဖြင့်စနစ်တကျ ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်းသိရသည်။
ဆွမ်ပရာဘွမ်(ပြန်/ဆက်)