ကြံခင်း ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး. ဟင်္သာတခရိုင် ကြံခင်းမြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်း /ပရဟိ တအဖွဲ့များအားကိုဗစ်−၁၉ရောဂါကာကွယ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် ကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးခြင်းသည် ကြံခင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးအရာရှိ ဒေါ်မြတ်မြတ်သိန်းတို့က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပံ့ပိုးပေးသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်း သုံးပစ္စည်းများကို ကြံခင်းမြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်း/ပရဟိတအဖွဲ့(၈)ဖွဲ့များကို ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်ထောက်ပံ့ပေးသော ပစ္စည်း (၁၄) မျိုးမှာ PPE level-3 (၁၉၇ )စုံ၊Apron (၁၉၅)ခု၊ Boot's Cover(၁၉)ခု၊Bin(၄)ဗုံး၊Plastic Glove(၉)ထုပ်၊ Face Shield(၂၃၇)ခု၊Goggles(၂၉)ခု၊ Hand Saintizer(၉)ဗူး၊N95 Mask (၃၅၅)ခု၊ Plastic Bags(၅၉)ခု၊Surgical Gown(၂၇၆)ခု၊ Surgical Glove(၃၀၀)ခု၊ Cap(၁၉၇)ခု၊ Boot(၁၉၇)ခုတို့ဖြစ်ကြောင်း သိရသည်။