မာန်အောင် သြဂုတ်၂၁
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ ညနေ ၄ နာရီက မြို့ဝင်/ထွက်ရှိ အုန်းချောင်းတံတားထိပ်၌ ဈေးရောင်း ဈေးဝယ်သူများ၊ လမ်းသွားလမ်းလာသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်း များက ဈေးရောင်းဈေးဝယ်သူများ၊ လမ်းသွားလမ်းလာသူများအား နှာခေါင်းစည်း (Mask) များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေပေးပြီး အိမ်ပြင်ထွက်တိုင်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လူစု လူဝေးရှောင်ရှားရန်၊ အရာဝတ္တုတစ်ခုခု ကိုင်ပြီးတိုင်း လက်ကိုစနစ်တကျ ဆေးကြောရန်၊ မိမိ နေအိမ်တွင်သာ နေထိုင်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက် နေထိုင်ကြရန် အသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)