သံဖြူဇရပ် ဩဂုတ် ၂၁
မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ သံဖြူဇရပ်မြို့နယ်၌ Stay at Home ကာလအတွင်းကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်ပြင်ထွက်သူများ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီက မြို့အဝင် စည်ပင်သာယာရေးဂိတ်၌ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်း ကော်မတီမှ ဦးဆောင်ကာ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးမှူးနှင့် ဝန်ထမ်းများ ပူးပေါင်းကာ မြို့အဝင်စည်ပင်သာယာဂိတ်၌ ပါးစပ်နှာခေါင်းစည်း မတပ်ဘဲသွားလာနေကြသည့် အိမ်အပြင် ထွက်သူများ ၊ ခရီးသွားလာကြသူများအား စစ်ဆေးအရေးယူပညာပေးမှုများ ပြုလုပ်ခဲ့ခြင်းနှင့် လမ်းသွားလမ်းလာများ၊ မြို့နယ်ပြင်ပထွက်လာသူများကို ခရီးသွားရာဇဝင်များ စစ်ဆေးပြီး သက်ဆိုင်ရာထောက်ခံချက်ပါ/မပါ စစ်ဆေးခြင်း ၊ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများအား ဒဏ်ငွေ ၅၀၀/- ပေးဆောင်စေသောစနစ်ဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်(ပြန်/ဆက်)