ကန်ပိုက်တီမြို့တွင် ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် လှည့်လည် အသိ‌ ပေးခြင်း‌‌ဆောင်ရွက်

ကန်ပိုက်တီ  ဩဂုတ် ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့တွင်ကိုဗစ်-၁၉ကူးစက်မူ မြှင့်မားလာ သည့်အတွက် ပြည်သူများ ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ၀န်ထမ်းများမှ ကန်ပိုက်တီမြို့ မြို့ပေါ်ရပ်ကွက်အမှတ်( ၁ )၊(၂)၊‌(၃)တို့တွင် လိုက်လံအသိပညာ‌ပေးခြင်းကို ယ‌မန်နေ့ မွန်းလွဲ (၁)နာရီ ချိန်တွင်ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးကြေညာချက်တွင် ပြည်သူများအနေဖြင့်အတတ်နိုင်ဆုံး မိမိနေအိမ် တွင်သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အိမ်အပြင်ထွက်ခြင်း မပြုလုပ်ကြရန် မဖြစ်မနေ နေအိမ်မှ ပြင်ပသို့သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်ရန် ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း ၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း ၊ ထိတွေ့ပြီးတိုင်း လက်ကို ရေနှင့်ဆပ်ပြာ အသုံးပြု၍ စက္ကန့်(၂၀)ကြာ အောင်စနစ်တကျ မကြာခဏ ဆေးကြောကြပါရန် ၊ လူစုလူဝေးပြုလုပ်ခြင်း ၊သွားလာခြင်း ကိုရှောင်ကြဉ်ပါရန် ၊ အကယ်၍ မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ဆက်သွယ်၍ မပျက်မကွက်ခံယူကြပါရန် ၊ အများပြည်သူအလုပ်ပိတ်ရက်ကာလအတွင်း လိုက်နာရမည့် စည်းကမ်းချက်များ ကို  လိုက်လံအသိပေး လှည့်လည်ကြေငြာခဲ့သည်။

ကန်ပိုက်တီမြို့တွင် သြဂုတ်လ ၂၀ရက်နေ့ထိကိုဗစ်−၁၉ ရောဂါ  အတည်ပြုလူနာ( ၇၄)ဦး ၊ ပြန်လည်ကျန်းမာလာ၍ ဆေးရုံဆင်းခွင့်ရရှိသူအမျိုးသား(၄၁)ဦး ၊ အမျိုးသမီး (၂၉)ဦး ၊ဆေးကုသမှုဆက်လက်ခံယူနေသူ အမျိုးသား(၁) အမျိုးသမီး(၃)ဦး ရှိကြောင်းမြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံးမှသိရှိရသည်။

ကန်ပိုက်တီ (ပြန်/ဆက်)