သံဖြူဇရပ် ဩဂုတ် ၂၁
မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ သံဖြူဇရပ်၌ Stay at Home ကာလအတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်း စည်း Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ် ခြင်းကို ယမန်နေ့ ညနေ (၄) နာရီက မြို့အဝင်စည်ပင်သာယာရေးဂိတ်၌ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းကာ မြို့အဝင်စည်ပင်သာယာဂိတ်၌ ပါးစပ်နှာခေါင်းစည် မတပ်ဘဲသွားလာနေကြသည့် အိမ်အပြင်ထွက် သူများ ၊ ခရီးသွား လာကြသူများအား စစ်ဆေးအရေးယူပညာပေးမှုများပြုလုပ်ခဲ့ခြင်းနှင့် လမ်းသွား လမ်းလာများ၊ မြို့နယ်ပြင်ပထွက် လာသူများကို ခရီးသွား လာရာဇဝင်များ စစ်ဆေးပြီး သက်ဆိုင်ရာ ထောက်ခံချက် ပါ၊ မပါ စစ်ဆေးခြင်း ၊ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများအား ဒဏ်ငွေ ၅၀၀ ကျပ် ပေးဆောင်စေသောစနစ်ဖြင့် အရေးယူဆောင်ရွက်မှုများပြု လုပ်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ် (ပြန်/ဆက်)