မြိတ်မြို့နယ်အား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာများအား စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိ

မြိတ်   ဩဂုတ်   ၂၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အား Stay at Home မြို့နယ်အဖြစ် ကျန်းမာရေးဝန်ကြီး ဌာနမှ သတ်မှတ်ထားရှိရာ ပြည်သူများအား သတ်မှတ်စည်းကမ်းချက်များကို စနစ်တကျ လိုက်နာစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွား လမ်းလာပြည်သူများအား နေ့စဉ် စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

မြိတ်မြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း မေလမှစတင်၍ ရောဂါပိုးကူးစက် မှုနှင့် သေဆုံး မှုများရှိသဖြင့် အသွားအလာကန့်သတ်ခြင်း၊ မလိုအပ်ဘဲ ပြင်ပထွက်ခွာသွားလာ ခြင်းမရှိစေရေး၊ မိမိနေအိမ်တွင် သာ နေထိုင်ကြရန်နှင့်    နေအိမ်တစ်အိမ်တွင် တစ်ဦးသာ အပြင်ထွက်ခွင့်ကတ်ပြားဖြင့် သွားလာခွင့်ပြု၍ Stay at Home သတ်မှတ်စည်းကမ်းချက်များ အား လိုက်နာမှုရှိစေရန် စစ်ဆေးရေးအဖွဲ့များဖြင့် နေရာ(၁၅)နေရာ၌ စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ရောဂါဖြစ်ပွားမှု လျော့ကျစေရေး အတွက် လမ်း သွားလမ်းလာများအား စစ်ဆေးရေးအဖွဲ့များဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆောင်ရွက်နေစဉ်ကာလ အတွင်း စိစစ်/ စစ်ဆေး/ ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့နှင့်  စစ်ဆေး/ကူညီထောက်ပံ့ရေးအဖွဲ့များအား ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် လျက်ရှိကြကြောင်း သိရသည်။ 

ခိုင်ထူး (ပြန်/ဆက်)