မိုင်းယောင်း ဩဂုတ် ၂၆
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အောက်ဆီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ လိုအပ်လျက်ရှိသဖြင့် မည်သူမဆို လှူဒါန်းနိုင်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ယခုအခါ မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ များပြားလာပြီး ရောဂါပိုးကူးစက်ခံရသူများတွင် အသက်အရွယ်ကြီးရင့်သူများ၊ ရောဂါအခံရှိသူများ ပိုမိုပါဝင်လာကာ အဆိုပါသက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများအား အောက်ဆီဂျင် ပေးထားရကြောင်း၊ မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများ လိုအပ်လျက်ရှိသဖြင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီထံသို့ ဦးစိုင်းဘွန်းစီ(ဖုန်း-၀၉၆၉၂၅၉၉၉၉၅)၊ ဒေါက်တာမင်းသိန်း(ဖုန်း-၀၉၂၅၀၂၅၂၃၅၂)နှင့် ဦးမင်းမင်းဇော်(ဖုန်း-၀၉၄၀၀၄၀၃၆၉၇)တို့မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း